26 C
Yangon

ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ မြောက်ကျီရွာနှင့် တက်လှိုင်းကျေးရွာတွင် တပ်စွဲခဲ့ပြီးနောက် စီပါကျေးရွာဘက်သို့ စစ်ကြောင်းထိုးကာ ကျေးရွာကို မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီပါ အရှေ့ပိုင်းနဲ့ အရှေ့တောင် ပိုင်း မီးရှို့နေတာဗျ၊မီးခိုးလုံးတွေ တက်လာတာ မြင် နေရတယ် “ဟု ဘုတလင်ဒေသခံ သတင်းရင်းမြစ် ကပြောဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး၀င်ရောက်နေမှုကြောင့် ဘုတလင်မြို့နယ် မြောက်ခြမ်းနှင့်အနောက်မြောက်ခြမ်းကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်သည့် ကျေးရွာများသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။

“သူတို့(စကစ)စစ်ကြောင်းထိုးတဲ့ ရွာတွေဘက်က ဖုန်းလိုင်းဖြတ်ခံထားရတယ်၊ကျွန်တော်တို့တခြားနည်းနဲ့ အဆက်သွယ်လုပ်နေရတယ် ဗျ၊အသေးစိတ်သိရရင် ပြန်ပြောပါမယ်၊လောလောဆယ်တော့ မီးရှို့နေတာပဲ သိရသေးတာ”ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားပြည်သူ ၁၄ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ပြီး ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ညအချိန် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညအချိန် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article