30 C
Yangon

မြန်မာ့အရေးကို နိုင်ငံတကာပါလီမန်များညီလာခံ၏ အရေးကြီးကိစ္စတစ်ခုအဖြစ် ထည့်သွင်းရန် ထိုင်းလွှတ်တာ်အမတ် အဆိုပြုထောက်ခံ၊ NUG ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာ့အရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတကာပါလီမန်များညီလာခံ၏ အရေးကြီးကိစ္စတစ်ခုအဖြစ် ထည့်သွင်းရန် ထိုင်းလွှတ်တော်အမတ် Kanwee Suebsaeng အဆိုပြုထောက်ခံဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခု၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၄၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ၎င်းက အထက်ပါအတိုင်းထောက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန The Reporter က သတင်းဖော်ပြသည်။

အဆိုပါ ညီလာခံသို့ NUG ပြည်ထောင်စုဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

“မြန်မာ့အရေးကို တွန်းအားပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ လူပေါင်း ၁၈ သန်းကျော် ထိခိုက်နေပြီး လူ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရတယ်။ ရိုဟင်ဂျာ ၁ သန်းကျော်ကလည်း ထွက်ပြေးနေရပါတယ်။ ထိုင်းနိုင်ငံမှာလည်း ခိုလှုံလာတဲ့ မြန်မာတွေလည်း အပါအဝင်ဖြစ်ပါတယ်။ မြန်မာ့အရေးကိစ္စကို အစိုးရကို တင်ပြမယ်။ အစိုးရက တုံ့ပြန်မယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်မယ်လို့ အာဆီယံအစည်း အဝေးမှာ ကြေညာထားပြီးသားပါ။”ဟု ထိုင်းလွှတ်တော်အမတ် Kanwee Suebsaengက ဆိုသည်။

ထိုင်းလွှတ်တော်အမတ် Kanwee Suebsaengက NUG ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော အဖွဲ့နှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

၁၄၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို​ အောက်တိုဘာလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့ အထိ ကျင်းပလျက်ရှီပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီအစည်းအဝေးများ၊ ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သွားနေကြောင်း၊ ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံအလိုက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပရောက် မြန်မာရွေ့ပြောင်းများအရေး၊ စစ်ဘေးရှောင်ပြည်သူများအခြေအနေနှင့် လိုအပ်ချက်များ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်သူ အစုအဖွဲ့များ၏ ကြိုးပမ်းနေသည့် နိုင်ငံရေးမျှော်မှန်းချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ရရှိနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကြိုတင်ပြင်ဆင်မှုများဖြင့် သွားရောက်တက်ရောက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာပါလီမန်းများအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့စည်းတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် ၁၄၆ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင်သွားရောက် တက်ရောက်လျက်ရှိပြီး မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေနိုင်ရေး ကိုယ်စားပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article