30 C
Yangon

ယောဒေသကို အောက်တိုဘာလအတွင်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု ၈ ကြိမ်လုပ် ဆောင်မှုကြောင့် YPDF ရဲဘော် ၂ ဦး နှင့် ပြည်သူ ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်း၌ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင် စီတပ်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ရာ YDF ရဲဘော် ၂ ဦးအပါအဝင် ၁၀ ဦးသေ ဆုံးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယော ဒေသနေ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် တိုက်ခိုက်မှု နေ့စဉ်နီးပါး ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယောဒေသ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ – YPDF မှ ရဲဘော် ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှု ရှိကြော်း သိရသည်။

အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ဘော်ပြင်းကျေးရွာ အတွင်း နေရာ ၄ နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဖျက်အားပြင်း ဗုံးသီးများ၊ ရော့ကတ်များဖြင့် တိုက် ခိုက်ခဲ့ရာ ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့်ခေတ္တရောက်ရှိနေသည့် ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) ၊ ထုတ်လုပ်ရေးဌာနမှူး အသက် ၃၃ နှစ် အရွယ် ရဲဘော်ကျော်ဟိန်း နှင့် အသက် ၄၅ နှစ် အရွယ် ရဲဘော် တို့ ကျဆုံးခဲ့ပြီး အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အဆောက်အဦး ၂၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအကြမ်းဖက်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်များကြောင့် နေ့စဉ် ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး လူ၊ လက်နက်အင်အား အစွမ်းကုန်သုံးကာ အပြင်းအထန် ခုခံနေသည့်အပြင် နေ့စဉ်နှင့် အမျှ စစ်သား သေဆုံး၊ ဒဏ်ရာရမှု၊ ထွက်ပြေးမှုများ၊ လက်နက်ချ အလင်းဝင်သူများလည်း များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် မြေပြင်ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မရှိတော့သည့် စစ်ကောင်စီအကြမ်းဖက်တပ် သည် ဝေဟင်ကို အသုံးပြုကာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကိုပါ မချန် လူ မဆန်စွာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း YPDF တပ်ဖွဲ့က ပြောဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များနဲ့ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်ရှုံံ့ချပြီး ယောဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – YPDF အနေဖြင့် စစ်တပ်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်များကို အမြစ်ပြတ်သည်အထိ ရည်မှန်းချက် ပန်းတိုင်သူညီသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အဖိနှိပ်ခံ ပြည်သူများနဲ့အတူ အစွမ်းကုန် တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမပြီးဆုံးသေးသည့်အတွက် တော်လှန်ရေးအသိ၊ တော် လှန်ရေး သတိဖြင့် ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် စစ်ကောင်စီ သက်ဆိုးရှည်စေမည့် ထောက်တိုင်များ အဖြစ်ပါဝင်လုပ်ဆောင်ခြင်း မပြုကြရန် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article