29 C
Yangon

ပန်ဝါမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာချိန် တရုတ်ဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးစားသည့် ပြည်သူများကို တရုတ်အာဏာပိုင်များက ပေးမဝင်ဘဲ နယ် စပ်ဂိတ်ကို ပိတ်ဆို့ထား

Must read

ပန်ဝါမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာချိန် တရုတ်ဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးစားသည့် ပြည်သူများကို တရုတ်အာဏာပိုင်များက ပေးမဝင်ဘဲ နယ် စပ်ဂိတ်ကို ပိတ်ဆို့ထား

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ပန်ဝါမြို့အနီးတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များအကြား တိုက်ပွဲများပြင်းထန်လာချိန် တရုတ်ဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးစားသည့် ပြည်သူများကို တရုတ်အာဏာပိုင်များက ပေးမဝင်ဘဲ နယ်စပ်ဂိတ်ကို ပိတ်ဆို့ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုကြသည်။

ကချင်ပြည်နယ်၊ ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသရှိ ချန်းယင်းခူး စစ်စခန်းနှင့် BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါမြို့အနီးသို့ တိုက်ပွဲများ ရောက်ရှိလာရာ ပန်ဝါမြို့မှ ပြည်သူများမှာ စစ်ဘေးရှောင်ရန် ကြိုးစားလာကြခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပန်ဝါမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ချန်းယင်းခူး စခန်းနှင့် ကမ်ပိုင်တီမြို့နှင့် ၇ မိုင်ခန့် အကွာရှိ BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“ပန်ဝါမြို့နဲ့ အနီးကို တိုက်ပွဲတွေက ရောက်လာနေပြီ။ ပြည်သူတွေကတော့ ကြိုပြေးဖို့ ပြင်ကြတာ။ အမျိုးသားတွေလည်း ပြေး၊ အမျိုးသမီးတွေလည်း အကုန်ပြေးဖို့ ပြင်ကြတာ။ တရုတ်ဘက်ကတော့ ဘာမှ မပြောဘူး။ ဂိတ်ကို ပိတ်ချလိုက်တာ။ အခုပိတ်မိတာ လူ ၅၀၀ လောက်ရှိတယ်။ တချို့ကတော့ ပြန်သွားပြီးတော့ ဖွင့်မှ ကူးမယ်ပေါ့။ တချို့ကတော့ နယ်စပ်ဂိတ်နားမှာပဲ ထိုင်စောင့်နေကြတာ။ ညမိုးချုပ်တုန်းကလည်း မပြန်ကြဘူး။ အဲဒီအနားမှာပဲ ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

KIA သတင်းရင်းမြစ်ကမူ “ချန်းယင်းခူး စခန်းကိုသိမ်းလိုက်တာ ပန်ဝါနဲ့ ၆ မိုင်လောက် ဝေးတယ်။ BGF ၁၀၀၃ တပ်ရင်းကိုမရသေးဘူး။ ကာကင်း ၂ ခုဘဲရသေးတယ်။ BGF ၁၀၀၃ တပ်ရင်က ရှိန်ကြိုင်ရွာနားမှာ ကမ်ပိုင်တီမြို့နဲ့ ၇ မိုင်ဝေးတယ်။ ဒီနေ့ ချန်းယင်းခူးစခန်း နဲ့ ဇုတ်လန် BGF ကာကင်း စခန်း ၂ ခုကိုသိမ်းလိုက်တာပါ။ BGF ၁၀၀၃ က မသိမ်းသေးဘူး။ တိုက်ပွဲဆက် လက်ပြင်းထန်နေတုန်းပဲ” ဟု ယမန်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article