28.1 C
Yangon

နေပြည်တော်သို့ စစ်လက်နက်ဆိုင်ရာ VIP ရုရှားကိုယ်စားလှယ် ၂ ဦးလာရောက်ပြီး ရုရှားကုန်တင်လေယာဉ်IL 76 ၃ စင်းကလည်း နေပြည်တော်လေဆိပ်သို့ ကုန်ပစ္စည်းများ ဆက်တိုက်လာရောက်ပို့ဆောင်

Must read

ရန်ကုန်၊ မေ ၁၇

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံ၊ နေပြည်တော်သို့ စစ်လက်နက်ဆိုင်ရာ VIP ရုရှားကိုယ်စားလှယ် ၂ ဦးလာရောက်ပြီး ရုရှားကုန်တင်လေယာဉ် IL 76 ၃ စင်းကလည်း နေပြည်တော်လေဆိပ်သို့ ကုန်ပစ္စည်းများ ဆက်တိုက်လာရောက်ပို့ဆောင်သွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၃ ရက်နေ့တွင် ရုရှားနိုင်ငံမှ စစ်လက်နက်ရေးရာကိစ္စအတွက် VIP ရုရှား ကိုယ်စားလှယ် ၂ ဦးက စင်းလုံးငှား​လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ VIP ရုရှားကိုယ်စားလှယ် ၂ ဦးကို Sky Sky Aviator က ကြိုဆိုရေးနှင့် နေရာချထားမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။

ယင်းအပြင် မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံမှ IL 76 ကုန်တင်လေယာဉ် ၂ စီးက နေပြည်တော်​ အေလာလေတပ်သို့ ရှေ့ဆင့် နောက်ဆင့် ဆင်းသက်ခဲ့ပြီး မေလ ၉ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အလားတူ မေလ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံမှ IL 76 ကုန်တင်လေယာဉ် ၁ စီးက နေပြည်တော်အေလာ လေတပ်ထံသို့ ထပ်မံ ဆင်းသက်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားကြောင်း၊ ရုရှား ကုန်တင်လေယာဉ် ၃ စီးလုံးမှာ နေပြည်တော်သို့ ပစ္စည်းများ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ရုရှားနိုင်ငံက မြန်မာအကြမ်းဖက်စစ်တပ်နှင့် စစ်ရေး ပူးပေါင်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ရုရှားကုန်တင်လေယာဉ်များမှာ နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်သို့ မကြာခဏ ဆိုသလို လာရောက် ကုန်ပစ္စည်းများ ပို့ဆောင်လေ့ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article