30 C
Yangon

ဘုတလင်မြို့နယ် ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Must read

ဘုတလင်မြို့နယ် ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘ ၁၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျွဲသေချာင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းတည့်ပိုင်းတွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအတွင်းတွင် ဝင်ရောက်တပ်စွဲ၍ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်း ယနေ့နံနက်ပိုင်းတွင်လည်း စီပါကျေးရွာ၏ အနောက်တောင်ပိုင်းရှိ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် အရပ်သား ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ၊ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် စီပါကျေးရွာမှတစ်ဆင့် ကျွဲသေချာင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျွဲသေချာင်းကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“မီးလောင်အားနဲ့ မီးခိုးတွေ မည်းမှောင်နေတာပဲ။ မီးခိုးငွေ့တွေက တိမ်တိုက်တွေ အတိုင်းပဲ”လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မီးတင်ရှို့နေသော စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ မြောက်ကျီရွာနှင့် တက်လှိုင်းကျေးရွာတွင် တပ်စွဲခဲ့ပြီးနောက် စီပါကျေးရွာဘက်သို့ စစ်ကြောင်းထိုးကာ ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ကျွဲသေချောင်းကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားပြည်သူ ၁၄ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ပြီး ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article