30 C
Yangon

ကြို့ပင်ကောက်တွင် ရာအိမ်မှူး ထွန်းထွန်း နေအိမ်ကို ဝင်ရောက်တိုက်ခိုက်မှု သန်းခေါင်စာရင်း စာရွက်များနှင့် လေသေနတ် ၁ လက် သိမ်းဆည်းရရှိ၊ PDF တပ်ဖွဲ့များ နောက်လိုက်လာသည့် စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွား

Must read

ကြို့ပင်ကောက်တွင် ရာအိမ်မှူး ထွန်းထွန်း နေအိမ်ကို ဝင်ရောက်တိုက်ခိုက်မှု သန်းခေါင်စာရင်း စာရွက်များနှင့် လေသေနတ် ၁ လက် သိမ်းဆည်းရရှိ၊ PDF တပ်ဖွဲ့များ နောက်လိုက်လာသည့် စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်တွင် ရာအိမ်မှူး ထွန်းထွန်း နေအိမ်ကို ဝင်ရောက်တိုက်ခိုက်မှု သန်းခေါင်စာရင်း စာရွက်များနှင့် လေသေနတ် ၁ လက် သိမ်းဆည်းရရှိပြီး PDF တပ်ဖွဲ့များ နောက်လိုက်လာသည့် စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ၊ မီးကောက်ပင်အုပ်စု ၊ ဒိုးနွယ်ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်ခန့် ရာအိမ်မှူးထွန်းထွန်း နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရာအိမ်မှူး ထွန်းထွန်း ကောက်ယူထားသော သန်းခေါင် စာရင်းများနှင့် လေသေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ကျန်ပစ္စည်းများနှင့် ငွေကြေးများကို ရာအိမ်မှူး၏ ဇနီးနှင့် သားသမီးများထံ တော်လှန်ရေး ရဲဘော်များက ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘော်ဘင်ရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက တော်လှန်ရေး တပ်ဖွဲ့များကို လိုက်လာသောကြောင့် မီးကောက်ပင်ရွာထိပ် ဗျူဟာလမ်းတွင် တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီခန့်တွင် ဘော်ဘင်ချောင်း -သရက်ပင်အိုင် တံတား အနီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ မိနစ်၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ (Dragon Brothers GBK) ၊ တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ (၃) (နတ်စစ်သည်) နှင့် BTZM (GBK PDF) ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article