24 C
Yangon

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

Must read

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဆင်းရဲမွဲတေမှုလျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၅ နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဉီးရေ၏ ထက်ဝက် နီးပါး မှာ ဆင်းရဲ မွဲတေမှုသတ်မှတ်မျဉ်းအောက်တွင် နေထိုင်နေရကြောင်း၊ မြန်မာပြည်သူများခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခ္ခမလုံလောက်မှုနှင့်အတူ အစစသော အကျပ်အတည်းများ၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်ဖြစ်ကြောင်း၊ မြန်မာပြည်သူများလိုလား တောင်းတဆောင် ရွက်နေသည့် စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာမှ ထိရောက်မြင်သာသည့် ကူညီမှုများပံ့ပိုးပေးရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာကလေးငယ်များ၏ ၅၅)ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေကြရပြီး ကလေးငယ် ၅ သိန်း နီးပါး မှာ ၂၀၂၄ ခုနှစ်အတွင်း အလွန် အမင်းအာဟာရချို့တဲ့မှုကို ခံစားရမည်ဟု ခန့်မှန်းထားကြောင်း၊ ယမန်နှစ်ကထက် ၅၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ဝင်ငွေနည်းပါးလာမှုနှင့် ဝင်ငွေရရှိရန် ခက်ခဲလာမှုများသည် မိသားစုများ၏ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များ လျော့ချရသည့် အတွက် အနုတ်လက္ခဏာဖြစ်ရာ အလွန်ဆင်းရဲသော မိသားစုများသည် အသုံးစရိတ်၏ ၂ ရာခိုင်နှုန်းသာ ပညာရေးအတွက် အသုံးပြုနိုင်ကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။

လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုသည် တိုင်းပြည်၏မျိုးဆက်သစ်များအတွက် နောင်နှစ်ပေါင်း များစွာအထိ သက်ရောက်မှုဖြစ်စေမည်ဖြစ်ရာ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည် မှန်းချက် အကောင်အထည်ဖော်ရေးတွင် “Leaving no one behind” ကိုထိခိုက်မည်မှာ သေချာပါကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်သစ်များအား နောက်ချန်ထားခဲ့သည်ကို အထင်အရှား ပြသလျက်ရှိကြောင်း၊ ယခုကဲ့သို့သော ဝမ်းနည်းစရာအဖြစ်အပျက်များနှင့် ကိန်းဂဏန်းအချက် အလက်များကို ပြောကြားရသည်မှာ လွန်စွာစိတ်မကောင်းသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်းနှင့် ဓမ္မဓိဌာန် ကျကျ သိရှိစေလိုသည့် အတွက် ဆက်လက် ပြောကြားနေရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article