ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာကို စစ်ကောင်စီတပ် က အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘုတလင်နယ်ဆယ်၀ကျေးရွာကို မီးရှို့ဖျက်စီးပြီး ထွက်သွားတဲ့ စစ်ကောင်စီတပ်ဟာ စိုင်ပြင်လေးကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
“မီးကများတယ် ညနေလောက်ကစရှို့တာ ည ၁၁ နာရီလောက်အထိ မီးအရှိန်မြင်နေရသေးတယ်၊ ဘယ်လောက်ပါသွားလဲတော့ မသိရသေးဘူး၊သူတို့(စကစ)က ရွာထဲရှိနေကြတုန်း”လို့ ဘုတလင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ဘုတလင်မြို့နယ် မြောက်ခြမ်းနဲ့ အနောက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကို သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စီပါ၊ကျွဲသေချောင်း၊ဆယ်၀ရွာဟောင်း၊ဆယ်၀ရွာသစ်၊အိုင်ပေါင်းချောင်စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၊အဆောက် အဦပေါင်း ၄၀၀ ၀န်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ဓာတ်ပုံ-ဘုတလင်နယ် စီပါကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးထားစဉ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)