25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်တိုင်းမှာ ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတချို့ကို အကြမ်းဖက် စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားတွေအဖြစ် စုဆောင်းနေပြန်တယ်လို့ ရန်ကုန်တိုင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း ၂ ခုစလုံးမှာ မြို့သိမ်းတိုက်ပွဲအတွင်းပူးပေါင်းပါဝင်ခဲ့ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ PLA တပ်ဖွဲ့က ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာကနေ မြိတ်မြို့ကို သွားတဲ့ လူဦးရေ ၇၀ နီးပါး ပါ ခရီးသည်တင်စက်လှေဟာ မနေ့က ညပိုင်းမှာပဲ လှိုင်ကြီးလှေထန်ပြီး နစ်မြုပ်သွားခဲ့ရာမှာ လူ ၇ ဦးရဲ့ အလောင်းကိုသာ ဆယ်ယူနိုင်ပြီး အများစုကတော့ ပျောက်ဆုံးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article