28 C
Yangon

မကွေးမြို့နယ်၊ စမ်းမကြီးရွာတွင် မီတာကြေးကောက်ခံရာမှ စကားများပြီး ပျူစောထီးအဖွဲ့က ပြည်သူ ၁ ဦး၏ ခြေထောက်ကို သေနတ်ဖြင့် ၇ ချက်ပစ်ခတ်၍ ဝိုင်းဝန်းရိုက်နှက်

Must read

မကွေးမြို့နယ်၊ စမ်းမကြီးရွာတွင် မီတာကြေးကောက်ခံရာမှ စကားများပြီး ပျူစောထီးအဖွဲ့က ပြည်သူ ၁ ဦး၏ ခြေထောက်ကို သေနတ်ဖြင့် ၇ ချက်ပစ်ခတ်၍ ဝိုင်းဝန်းရိုက်နှက်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မကွေးတိုင်း၊ မကွေးမြို့နယ်၊ စမ်းမကြီးရွာတွင် မီတာကြေးကောက်ခံရာမှ စကားများပြီး ပျူစောထီးအဖွဲ့က ပြည်သူ ၁ ဦး၏ ခြေထောက်ကို သေနတ်ဖြင့် ၇ ချက်ပစ်ခတ်၍ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရာအိမ်မှူး တင်ရှိန်ပု၊ ပျူစောထီးခေါင်းဆောင် သက်ခိုင်၊ ပြည်သူ့စစ် တင်ဝင်းနှင့် မီတာခကောက်ခံသည့် မင်းကိုအောင်တို့သည် ဦးတင်ရှိန် နေအိမ်ကို မီတာကြေးကောက်ခံရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စကားများ ရန်ဖြစ်ပြီးနောက် ရာအိမ်မှူး၊ ပျူစောထီးများက တစ်ရွာတည်းနေ ဦးကံရှိန်ကို အကြမ်းဖက် စစ်သားများခေါ်၍ ခြေထောက်ကို သေနတ်နှင့် ၇ ချက်ပစ်ခတ်ခိုင်းပြီး ဝိုင်ဝန်းရိုက်နှက်ကာ စမ်းမကြီးရွာ သစ်ရာကောက် ကိုးပင်ဖြတ်လမ်းဘေးတွင် ပစ်ထားခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်ပြီးနောက် ဦးကံရှိန်ကို PDF တပ်ဖွဲ့များက ပစ်ခတ်သည်ဟု ပျူစောထီးများက ရွာထဲ၌ သတင်းလိမ်လည်ခဲ့ကြောင်း သိရှိရဿည်။

“ခွဲစိတ်ခန်းမှာ ကျဉ် ၆ ဆ ခွဲထုတ်ရတယ်။ မင်းကိုအောင်နဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့က ပစ်တာ။ အခုက မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေ သက်သေရှိတယ်။ သူတို့ကို မကွေးက ဆင့်ခေါ်တယ်လို့ ကြားရတယ် ။ သူတို့က PDF ပစ်တာဆိုပြီး လိမ်တင်ထားတယ်ဗျ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျေးရွာနေ ပျူစောထီးတွေနဲ့ စစ်သားတွေက ဦးကံရှိန်ကို ပစ်ခတ်ကြခြင်းဖြစ်ပြီး မီတာကောက်သည့် မင်းကိုအောင်သည် ရဲနှင့် ရွာထိပ်ရှိ စစ်သားများ KTV သွားရန် ငွေရှာပေးနေသူဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်သားများနှင့် စစ်တပ်အောက်ဆွဲများ၏ အကြမ်းဖက်မှုများကြောင့် ကျေးရွာပြည်သူများသည် နေ့စဉ် ထိတ်လန့်နေကြရကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article