26 C
Yangon

လားရှိုးမြို့၊ ရပ်ကွက် ၁၂ အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီးကြောင်း လားရှိုးအခြေစိုက် FYVအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆုသိည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန် စစ်ကောင်စီ၏ ရပ်ကွက် ၁၂ အတွင်းသို့ စစ်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ လူနေအိမ် ၃ လုံးပျက်စီးကြောင်း၊ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ရပ်ကွက် ၁၂ ထဲကို ဗုံးတစ်လုံးကျတယ်။ ရှမ်းတောင်တန်းလမ်းကြားထဲက လူနေအိမ် ၃ လုံးပျက်စီးပါတယ်။ လူသေဆုံးမှုမရှိပါဘူး။ ဒဏ်ရာရရှိသူ ၂ ဦးရှိပါတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဟု FYVအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့၊ သိန္နီမြို့၊ နောင်ချိုမြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး အမြဲလိုလို လေယာဉ်ဖြင့် ဗုံးကျဲလျက်ရှိပြီး ယခုအခါ မြေပြင်တွင်ပါ စစ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article