26 C
Yangon

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ထိပ်တန်းရဲအရာရှိကြီးတချို့ပါဝင်သော ရဲကိုယ်စားလှယ် အဖွဲ့တစ်ခု နေပြည်တော်သို့ ရောက်ရှိလာကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတချို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နေပြည်တော်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံခြင်း၊ မြန်မာရဲတပ်ဖွဲ့များနှင့်တွေ့ဆုံခြင်း အပါအဝင် ရဲညီလာခံပါ တက်ရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ နေပြည်တော်ကို မနေ့က ရောက်လာပါတယ်။ ဒီနေ့တော့ Call တွေ တွေ့ပြီးတော့ ညီလာခံတက်မယ်လို့သိရတယ်။ ဆွေးနွေးမယ့် အထဲမှာတော့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်၊ ပူးပေါင်းဆောင်ရွက်ရေး၊ တရားခံလွှဲပြောင်း လဲလှယ်ရေး၊ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး အဲဒါတွေကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေ ဆွေးနွေးကြမှာပါ” ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ထိုင်းအစိုးရသစ်တို့အကြား ဆက်ဆံရေး တိုးမြှင့်မှုများရှိနေပြီး လာမည့် ဒီဇင်ဘာလတွင် ထိုင်းအစိုးရက ဦးစီး၍ မြန်မာ့အရေး ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ဦးဆောင်ကျင်းပရန် ရှိနေကြောင်း၊ လက်ရှိ နှစ်နိုင်ငံ စစ်ဘက်နှင့် ရဲဘက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်မြှင့်တင်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ-၂၀၂၂ ခုနှစ် ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အကြား ဆွေးနွေးပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article