26 C
Yangon

စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းနှင့် အထိုင်စခန်း ၃ ခုကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မည်ဟု ပြည်သူများကို အသိပေး

Must read

စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းနှင့် အထိုင်စခန်း ၃ ခုကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မည်ဟု ပြည်သူများကို အသိပေး

ရန်ကုန်၊​အောက်တိုဘာ ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းနှင့် အထိုင်စခန်း ၃ ခုကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ဆုတ်လေဦးလမ်းခွဲအနီးတွင် ရှိသော အကြမ်းဖက် စစ်တပ်၏ အထိုင်ချ ကင်းစခန်းငယ်ကို ဒရုန်းဖြင့် ဗုံသီး ၂ လုံးကျဲချ တိုက်ခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်း နှင့် အကြမ်းဖက်စစ်တပ်၏ အထိုင်ချ နေရာများကိုလည်း PDF တပ်ဖွဲ့များက တာဝေးပစ် Rocket များဖြင့် တပြိုင်းတည်း တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ သစ်ခေါက်တောင် ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကင်းစခန်းများနှင့် ဆုတ်လေဦး လမ်းခွဲရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းများကို PDF တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စလင်းမြို့နေ ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြှင့် ဖော်ဆောင်နေသော ကာလဖြစ်သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်သည့် နေရာများတွင် သွားလာနေထိုင်၍ လုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် မင်းဘူးခရိုင် အမှတ်( ၅ )တပ်ရင်း နှင့်အတူ မင်းဘူးတပ်ရင်း ၁ ၊ စလင်း ပကဖ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့၊ ဒေါင်းညီနောင် ပျောက်ကြားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article