28 C
Yangon

ကြို့ပင်ကောက်နှင့် အုတ်ဖို နယ်စပ်ရှိ ကန့်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခဲ့

Must read

ကြို့ပင်ကောက်နှင့် အုတ်ဖို နယ်စပ်ရှိ ကန့်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီ ရွာမှ ဆုတ်ခွာခါသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် ကန့်နီ ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် ထပ်မံ စုဖွဲ့ ဝင်ရောက်လာပြီး ကန့်နီကျေးရွာ ဘော်ဘင်တိုက်ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် အစောပိုင်းမှာ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ် အစပ်က ကန့်နီရွာကို ဆုတ်ခွာသွားတဲ့ စစ်ခွေး ၃၀ ခန့်က ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်မှာ နင်းမိုင်းတွေ အမြောက်အများ ထောင်ပြီး ညနေ ၃ နာရီ ၆ မိနစ်မှာ ကန့်နီ ကျေးရွာကို အင်အားထပ်ဖြည့်ပြီး ၆၀ လောက်နဲ့ ထပ်ဝင်လာတယ်။ ပြီးတော့ ကန့်နီကျေးရွာ ဘော်ဘင်တိုက် ဆိုတဲ့ နေရာမှာ ရှိတဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အခုထိမီးရှို့နေဆဲပဲ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article