28 C
Yangon

ပွင့်ဖြူမြို့နယ်ရှိ စစ်တပ်၏ မဖဲဝါဂိတ်ကို မိုင်းဆွဲတိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး သေဆုံး၊ မြင်းခြံမြို့နယ်ရှိ သံမဏိစက်ရုံဝင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပွင့်ဖြူမြို့နယ်ရှိ စစ်တပ်၏ မဖဲဝါဂိတ်ကို မိုင်းဆွဲတိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး သေဆုံး၊ မြင်းခြံမြို့နယ်ရှိ သံမဏိစက်ရုံဝင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မဖဲဝါဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ် ရှောက်တောလမ်းပိုင်း နှင့် ထန်းတောရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ မဖဲဝါဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဂိတ်စခန်းတွင် အကြမ်းဖက် စစ်သား၊ ရဲ နှင့် ပျူစောထီးများ နေထိုင်ပြီး ဒေသပြည်သူများနှင့် ခရီးသွား ပြည်သူများကို မတရားသဖြင့် ဆက်ကြေးတောင်းခံခြင်း၊ ငွေညှစ်ခြင်း၊ စစ်ဆေးခြင်း များ ပြုလုပ်သော ဂိတ်ဖြစ်ကြောင်း၊ ပြည်သူများ အခက်အခဲများစွာ ရှိနေခြင်းကြောင့် တိုင်ကြားလာခြင်းကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း-၄ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ အကြမ်းဖက် စစ်တပ်ဂိတ်များအနီးတွင် နေခြင်း ၊အကြမ်းဖက်စစ်သားများနှင့် နီးနီးကပ်ကပ်နေခြင်း၊ အကြမ်းဖက်စစ်တပ်၏ထောက်တိုင်အဖြစ် ဆောင်ရွက်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် ဝေးဝေးရှောင်ကျဥ် နေထိုင်ပေးကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံဝင်းအတွင်း တပ်စွဲ​နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force – NRDF • မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံဝင်းအတွင်း တပ်စွဲ​ထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့က ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့နှင့် မိတ္ထီလာခရိုင် တပ်ရင်း ၃ မြင်းခြံမြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article