33 C
Yangon

ပြည်သူ ၆ ဦးသေဆုံးခဲ့သော မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင်လည်း ဒေသပြည်သူများ စိုးရိမ်ထိတ်လန့် စစ်ဘေးရှောင်နေရဆဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီးနောက် ပြည်သူများမှာ လေကြောင်းအန္တရာယ်ကြောက်ရွံ့၍ ဆက်လက် စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ဒေသ ပြည်သူများ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင် အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး တို့ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန် ပြည်သူများမှာ ဆက်လက် စစ်ဘေးရှောင်နေရပြီး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ဆက်လက် ရှောင်တိမ်းနေထိုင်နေရကြောင်း သိရသည်။

“အခုထိ လေယာဉ်သံကြားရင် အကုန်နီးစပ်ရာ ဗုံးခိုကျင်း၊ အခိုင်အခံ့နေရာတွေ ပြေးပုန်းနေရတယ်။ ညဘက်အိပ်ချိန် မရှောင်နိုင်လို့ ထိရင်တော့လည်း မတတ်နိုင်ဘူး။ အရင်လို သတိလက်လွတ်တော့ မနေရဲတော့ဘူး။ လေယာဉ်သံနည်းနည်းကြားတာနဲ့ ပြေးပုန်းနေရပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး၊ ဓာတ်မီးတိုင်များလည်း ကျိုးကျပျက်စီးခဲ့သည့် အပြင် နွား ၂ ကောင်၊ သိုး ၈ ကောာင်နှင့် ဝက်တစ်ကောင် လည်း တစ်ခါတည်းသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးရုံ တက်၍ ကုသမှု ခံယူနေရသူ ၆ ဦးမှာ စိုးရိမ်းစရာ မရှိတော့ကြောင်း သိရသည်။

” ပထမဆုံး လေယာဉ်က ငမျှောင်တောင်ရွာအနီးမှာဗုံး ၂ လုံးကျဲချတာ အဲဒီနေရာကတော့ ရွာနဲ့ ဝေး တော့ ပြည်သူထိခိုက်တာ တော့မရှိဘူး။ နောက်ထပ်တစ်စီးက တော့ ရွာထဲတည့်တည့်ကျလို့ ထိခိုက်မှုများသွားတာ။ ချတဲဗုံးက ဘယ်လိုဗုံးမှန်းတော့မသိဘူး။ လေပေါ်တင်ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်စီးတယ်။ နောက်ပြီးအသက်၈၀ ကျော်အဖွားအိုတစ်ဦးနဲ့ အသက် ၁၅ နှစ် အရွယ်အမျိူသမီးတစ်ဦးကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ယမန်နေ့ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက် အစီးများ မြင်တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article