27 C
Yangon

နွားထိုးကြီးနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၈၀ အရွယ် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းတို့ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ ဘုန်ကြီး‌ ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် သံဃာတော် ၁ ပါး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံ တောင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ပေါ် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် ကျောင်းထိုင်ဆရာတော် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ဓမ္မာရုံမှာလည်း လုံးဝပြိုကျ ပျက်စီး သွားကြောင်း သိရသည်။

“ကျောင်းထိုင်ဆရာတော်က အရေးပေါ်ဆေးကုသနေရတယ်။ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံက လုံးဝ ပြိုကျသွားတာ။ ရဟန်းသံဃာတွေ တစ်ပါးမှ နေရလို့ မရအောင်အထိ ပျက်စီးသွားတာပါ။ ဘာတိုက် ပွဲမှ မရှိဘ ဗုံးကျဲတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ၊ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီး ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် ညနေ ၄ နာရီခန့်အချိန် ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ရှိ အခြေခံ ပညာ အထက်တန်းကျောင်းကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ Mi 35 ရဟတ်ယာဉ်ဖြင့် ဗုံး သီး ၂ လုံးကျဲချပြီး စက်သေနတ်ဖြင့် လှည့်လည်ပစ်ခတ် ခဲ့ ရာ စာသင် ကျောင်းဆောင်များ ဗုံးစထိမှန် ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗုံးသီးချပြီးတော့ စက်သေနတ်တွေနဲ့ပစ်သွားတာ။ တိုက်ပွဲမဖြစ်ဘူး။ အခြေခံပညာအထက်တန်း ကျောင်းပေါ့။ ကျောင်းရဲ့အိပ်သာနားမှာ ဗုံးသီးတယ်။ ကျောင်းသားတွေတော့ ထိမှန်မှုမရှိပါဘူး။ ဒီနေ့ မနက် ၄ နာရီလောက်ကလည်း လာဝဲနေသေးတယ်။ ဘယ်အချိန်လာပစ်မလဲကြောက်နေရတာပေါ့” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ – အောက်တိုဘာလ ၂၃ ရက်နေ့ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article