32 C
Yangon

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ်ဆေးဝါးရောင်းချနေသူ ကျော်ထက်အောင် ကို အရှင်ဖမ်းမိ

Must read

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ်ဆေးဝါးရောင်းချနေသူ ကျော်ထက်အောင် ကို အရှင်ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ် ဆေးပြားရောင်းချသူ ကျော်ထက်အောင် ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ တောင်စွန်း နယ်ထိန်းရဲ ဇော်မင်းထွန်း၏ ခိုင်းစေမှုကြောင့် တော်လှန်ရေးအင်အားစုများ၏ သတင်းကို လိုက်လံထောက်လှမ်းနေသည့် (WY ဆေးပြားရောင်းချသူ) ကျော်ထက်အောင် ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်အရေးအဖွဲ့မှ အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ကျော်ထက်အောင် ကျူးလွန်ခဲ့သော ပြစ်မှုများကို စစ်ဆေးဖော်ထုတ်၍ ကြားကာလ စစ်သုံ့ပန်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျန်တော့်တို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ပြီး ကြားကာလစစ်သုံ့ပန်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားပါ့မယ်” ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့လည်း တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေဖြစ်သော သိမ်ဇရပ်မြိုနယ်၊ သုံးခွကျေးရွာ စစ်ဆေးရေးဂိတ်သို အိမ်စီးကားဖြင့် လမ်းမှားဝင်ရောက်လာသော သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူ သူနာပြုဆရာမ ထက်ထက်နိုင်တို့ကို ကျိုက်ထိုပကဖအပါအဝင် တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့ပြီး KNU/KNLA အဖွဲအစည်းထံသို အပ်နှံကာ ကြားကာလစစ်သုံ့ပန်းဥပဒေများနှင့်အညီ အပြစ်ပေး‌အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article