33 C
Yangon

သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ၊ မင်းတပ်တွင်လည်း Y12 လေယာဉ်ဖြင့် ဗုံးများကျဲချ

Must read

သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ၊ မင်းတပ်တွင်လည်း Y12 လေယာဉ်ဖြင့် ဗုံးများကျဲချ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေ ယာဉ် ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လားရှိုးမြို့ ပြန်လည် ထူ ထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ည ၇ နာရီ ၅၅ မိနစ်အချိန် စစ်ကောင်စီက သိန္နီမြို့နယ်၊ ကောင်းဟော်ချင်ကျေးရွာအုပ်စုပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံး ၂ လုံး အပါအဝင် ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချခဲ့ကြောင်း၊ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရသည့်အပြင် လမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ ၄ ဦးမှာ ဒာဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီလေတပ်က လားရှိုးမြို့ ရပ်ကွက် ၁၂ ရပ်ကွက် အောင်သစ္စာကွက်သစ် ရင်ကျားကျေး‌ရွာပေါ်သို့ ပေါင် ၅၀၀ တစ်လုံး ကျချခဲ့ရာ အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်အထိ ချင်းပြည်နယ်မင်းတပ်မြို့ပေါ်သို့ မကွေးလေတပ်မှ Y-12 ဗုံးကျဲလေယာဥ်က ဗုံး ၇၀ ဝန်းကျင်ခန့် ကျဲချတိုက်ခိုက်သွားကြောင်း​ ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

default
default
default
default
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article