31 C
Yangon

ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံး၊ စက်လှေမောင်းသူကို ဖမ်းဆီးထား

Must read

ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံး၊ စက်လှေမောင်းသူကို ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံးကာ စက်လှေမောင်းသူကို ဖမ်းဆီးထားကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ငပုတော်မြို့မ ရဲစခန်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ လိုက်ပါလာသော စက်လှေ ၁ စီးသည် ငပုတောမြစ်အတွင်း တိမ်းမှောက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်၌ ရဲ ၁ ဦးကို ရုပ်အလောင်းကိုသာ ပြန်လည်ရရှိသေးပြီး ကျန်ရဲ ၁ ဦးသည် သေနတ်နှင့် လူပါ ပျောက်ဆုံးနေခြင်းကြောင့် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ငပုတောမြို့မ ရဲစခန်းကို ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် စက်လှေမောင်းသူ ငါးလုပ်ငန်းဦးစီးဌာနမှ ဝင်းကို ဆိုသူကိုလည်း ငပုတော်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“မြို့မ ရဲစခန်းက ငပုတောမြစ်အတွင်းမှာ စက်လှေ တိမ်းမှောက်ပြီး ရဲခွေး ၂ ကောင် သေဆုံးမှုမှာ ရဲခွေး ၁ ကောင်ရဲ့ အလောင်းကိုပဲ ပြန်ရသေးတယ်။ ကျန် ၁ လောင်က ရှာမတွေ့သေးဘူး။ ပျောက်နေတဲ့ ရဲခွေးက သေနတ်ပါသွားတော့ ထွက်ပြေးတယ်လို့ ယူဆပြီး ပုသိမ်ခရိုင် ရဲခွေးအဖွဲ့က ငပုတောစခန်းကို ဆင်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်။ စက်လှေမောင်းတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ဝင်းကို ကိုလည်း ငပုတော ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေဖြင့် ထွက်ပြေးနေသော စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article