တိုင်းပြည်ပြဿနာကို လူထုထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့်ဖြေရှင်းမည်ဟု အသံကောင်းဟစ်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ကြိုးပမ်းနေမှုကို မျက်နှာဖုံးခွာချရမည်ဟု SNLD ပြော
ရန်ကုန်၊ အောက်တိုဘာ ၂၇
တိုင်းပြည်ပြဿနာကို ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ကာ စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်ကြာစေ ရေး ကြိုးပမ်းလျက်ရှိနေမှုများကို မျက်နှာဖုံးခွာချရမည် ဖြစ်ကြောင်း SNLD က ထုတ်ပြန်ပြောဆိုသည်။
ယမန်နေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် – SNLD ၏ ၃၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနားတွင် SNLA က နိုင်ငံရေး ရပ်တည်ချက် သဘောထားအဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တိုင်းပြည်ပြဿနာကို ပြည်သူလူထုထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ခြင်း၊ လူထုအုပ်ချုပ်ရေးအစစ်အမှန်ပေါ်ပါက်ရေးကို လက်တလုံးခြား ဆန့်ကျင်ပြီး စစ်အာ ဏာ ရှင်စနစ် သက်ဆိုးရှည်ကြာစေရေး ကြိုးပမ်းလျက်ရှိနေသည်ကို မျက်နှာဖုံးခွာချကြရန် လိုအပ်ကြောင်း၊ တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူလူတစု ပြောင်းပြုရုံဖြင့် ဒီမိုကရေစီကျင့်သုံး နိုင်မည် မဟင်္စကြောင်း၊ ဖက်ဒရယ်နိုင်ငံရေးစနစ် ဖြစ်ထွန်းရန်မတတ်နိုင်ကြောင်း၊ ထိုကြောင့် လူထုအုပ်ချုပ် ရေး ကို လူထုကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်မည့်အခင်းအကျင်းမပေါ်ပေါက်သေးသမျှ နိုင်ငံ ရေး ပြဿနာဖြေရှင်းရေး မပြီးဆုံးသေးကြောင်း SNLD က ဆိုသည်။
မြန်မာနိုင်ငံ၏ ကမ္ဘာ့ စံချိန်တင်ရှည်ကြာသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်း တူ ညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်း ယုတ် ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်းဖြစ်ကြောင်း၊ အာဏာရှင်စနစ်နှင့် ယင်း၏ ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ခေတ်စနစ်အခြေအနေနှင့် လိုက် လျောညီထွေသည့် ဖက်ဒရယ် ပြည်ထောင်စု ကိုလည်း စုပေါင်းတည်ထောင်နိုင်မည်ဟု အလေးအနက်ခံယူကြောင်း SNLD က ပြောသည်။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ပြည်ထောင်အချင်းချင်းစုပေါင်းတည်ဆောက်မည့် ပြည်ထောင်စုကြီး သည် ပြည်တွင်းစစ်ကာလကြာရှည်လွန်းသည်နှင့်အမျှ ပြည်ထောင်သားအချင်းချင်းကြား အတူယှဉ် တွဲနေထိုင်သည့် နိုင်ငံရေးစိတ်ဆန္ဒကောင်းများကိုပင် မှေးမိန်ခန်းခြောက်လုမတတ် တွန်းပို့လျက်ရှိရာ ရှမ်းပြည်သားအပေါင်းသည်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံသားအပေါင်းသည် လည်းကောင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူအရ တိုင်းပြည်ကိုပြန်လည် တည်ဆောက်ကြရမည်ဖြစ် ကြောင်း SNLD က ကြေညာထားသည်။
မတရားသဖြင့် လက်နက်ကိုင်အနိုင်ကျင့်ခြင်းကို မလွဲမရှောင်သာ ဆန့်ကျင် တွန်းလှန်ရမည်ဟုဆိုသော် လည်း တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ် ဆောင်အနားသတ်ပေးနိုင်မှ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဟု ခံယူသည်ဟု ဆို သည်။
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအပြင် လူမျိုးရေးအရပါ တဖက်သတ်ဖိနှပ်ခံလာရသည်နှင့်အမျှ ပြန် လည် လက်တုန့်ပြန်ခွင့်ရချိန် လူမျိုးရေးအစွန်း ရောက် ကန့်သတ်ခွဲခြားဆက်ဆံမှုများ မလုပ် ဆောင်မိရန် လိုအပ်ပြီး ရည်ရွယ်ရင်းပန်းတိုင်ဖြစ်သော တန်းတူညီမျှသည့် ပြည်ထောင်စုတည် ဆောက်ရေးကို မျက်ခြေမပြတ်ရန် အထူးလိုအပ်ကြောင်း၊ တပြိုင်တည်းတွင် မြန်မာ့ပြည်တွင်းရေး ကိစ္စ နှင့် စပ်လျဉ်း၍ နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှုကာ တဖက်သတ် ဆောင်ရွက်ရန်ကြိုးစားနေသည်ကို ဒီမိုကရေစီဘက် တော်သားအချင်းချင်း တစိတ်တဝမ်းတည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ မဟာအင်အားကြီးနိုင်ငံများ၏အားပြိုင်မှုအကြား မိမိတို့နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်ကား တိုင်းရင်းသားပြည်သူလူထုအပေါ် သစ္စာမဏ္ဍိုင်ပြုလျက် တွန်းလှန် တိုက်ပွဲဝင်ရေးသည်သာ အခရာဖြစ်သည်ကို သတိချပ်ရမည်ဖြစ်ကြောင်း SNLDက ထုတ်ပြန်ထား သည်။
ယနေ့ကာလတွင် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် တမင်ရည်ရွယ်အကြမ်းဖက် နေမှု များ နှင့် မဆင်မခြင်တုန့်ပြန်ခုခံမှုအချို့ကြောင့် ဒုက္ခပင်လယ်ဝေနေသည့် တိုင်းရင်းသားပြည်သူ တရပ်လုံး အတွက် မဖြစ်မနေထည့်သွင်းစဉ်းစားရမည်မှာ လူမမယ်ကလေးများ၊ အမျိုးသမီးနှင့် လူ ငယ်လူရွယ်များ၏ အနာဂတ်ပညာရေးကို ဦးစားပေးဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ စစ်ကြောင့် ပညာရေးခါးဆက်မပြတ်ရလေအောင် ဝိုင်းဝန်းကြံဆောင်ကြရမည်သာဖြစ်ကြောင်း SNLD က ဆက်ပြောသည်။
နောက်ဆုံးအနေဖြင့် အနာဂတ်ဖက် ဒရယ် ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးကို ခိုင်ကျည်သစ္စာပြုလျက် ဒီမိုကရေစီ မိတ်ဖက်အချင်းချင်း လက်တွဲညီညီ ချီတက်ကြမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။