32 C
Yangon

မြဝတီမြို့သို့ စစ်ကူ တက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်း များ သိမ်းဆည်းရရှိ

Must read

မြဝတီမြို့သို့ စစ်ကူ တက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်း များ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူ တက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းစစ် ဒေသထံမှ သိရသည်။

ယမန်နေ့အောက်တိုဘာ ၂၆ ရက်နေ့ မြဝတီမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင် စီ၏ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက အာရှလမ်းမကြီး တစ်နေရာ တိုက်ခိုက်ခဲ့ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျည်ကာပြား ၈ ခုနှင့် လက်နက်ကြီးကျည် ခဲယမ်းများကို သိမ်းဆည်းရရရှိခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ဗျူ ဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း ၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article