Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပြင်ဦးလွင်မြို့က ရေချမ်းအိုး ရပ်ကွက်မှာရှိတဲ့ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို အကြမ်းဖက် စစ်ကော်စီတပ်က တပ်ပိုင်မြေအဖြစ် သိမ်းပိုက်ဖို့ ကြိုးပမ်းနေရာမှာ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ကို ယူမှာ ဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပြည်ပထုတ်ကုန်တွေ တင်ဆောင်လာတယ်ဆိုပြီး အိမ်စီးကား၊ ကုန်ကားနှနဲ့ ခရီးသည်တင်ကားတွေကိုပါ စစ်ကောင်စီက သိမ်းယူနေပြီး ကချင်၊ ကရင် နဲ့ မန္တလေးဘက်တွေမှာ ကား ၈ စီး အသိမ်း ခံလိုက်ရပြီလို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တချို့က ပြောထားသလို ၊ စစ်ကောင်စီကိုယ်တိုင်ကလည်း ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ သိန္နီမြို့ နဲ့ နောင်ချိုမြို့တို့ကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အအုံတွေ ပျက်ဆီးမှု များပြားထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။