28 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်ကြီး တစ်ဦး အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်ကြီး တစ်ဦး အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် 6 kg ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးသည် ရဲစခန်း လက်နက်တိုက်နှင့် အချုပ်ဆောင်တို့ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ စခန်းတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်တပ် မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့် ရဲ ၂ ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်လုံးက လက်နက်တိုက်နဲ့ အချုပ်ဆောင်ကို သေချာထိမှန်ပြီး အဆောင်ပွင့်သွားတယ်၊ လူထိခိုက် မှုကတော့ ရဲစခန်းမှာ လာနေတဲ့ ၃ ပွင့်အဆင့် ဗိုလ်ကြီးနဲ့ တောင်သာဘက်ကနေ ရုံးစည်ကြီးစခန်းကို တွဲဖက်အဖြစ် တာဝန်ယူထားတဲ့ ဒုရဲအုပ်တစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ ဗုံးကျလို့ အ ကြား အာရုံမရတော့ဘူးလို့ သိရတယ်။ နောက်ထပ် ရဲနှစ်ယောက်လည်း မျက်နှာတွေမှာ ထိခိုက် ဒဏ်ရာရတယ်။ စခန်းမှာ ဗုံးကျဲတဲ့အချိန် လေယာဉ်လာတာမရှိပါဘူး” ဟု Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရုံးစည်ကြီးရဲစခန်းမှ အကြမ်းဖက် စစ်သားနှင့် ရဲများသည် ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းနေရာများကို သတင်းပေးပြီး လေကြောင်းဖြင့် တိုက်ခိုက်ခိုင်း ခြင်းများ လုပ်ဆောင်နေမှုကြောင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike- MDDS တပ်ဖွဲ့နှင့် ‌တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article