25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေကို လျှပ်စစ်ဝန်ကြီး ဌာနရဲ့ မီတာတပ်ဆင်ရေးစီမံချက်မှာ ဝယ်ယူဖို့ ပယ်ချခဲ့လို့ စစ်ဗိုလ်ချုပ်တွေ အငြိုးထား၊ ထောင်နှစ်ရှည်ချ ခံခဲ့ရတဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေး လိုက်တယ်လို့ NLD သတင်းရပ်ကွက်က ပြောပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက ဆိုက်ဘာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်သူတချို့ကို စစ်အုပ်စုအကြီးအကဲက ဂုဏ်ပြုတံဆိပ်တွေတောင် ချီးမြှင့်နေတယ်လို့ ကုလသမဂ္ဂ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနဲ့ ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွား တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article