30 C
Yangon

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး

Must read

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးမှာ ထိခိုက် ဒဏ်ရာများ ရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင်အမျိုးသား (KNLA) ၊ တပ်ရင်း (၇) ၊ တပ်ခွဲ (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန် တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ‌က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စ‌စ်ကောင်စီ စစ်ကြောင်းသည် ရှေ့သို့ မဆက်နိုင်တော့ဘဲ ဒုံဇရစ်‌ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article