30 C
Yangon

ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ဘက် မင်းကုန်းဘုန်းကြီးကျောင်းတွင် အထိုင်ချထားသော အင်အား၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ အိုးဘိုရွာဘုန်းကြီးကျောင်းထဲ၌ ယာယီတပ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းက ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ခရီးသွား ပြည်သူတချို့နှင့် အောင်ရတနာမှန်လုံကား ၁ စီးကို ဖမ်းဆီးကြောင်း၊ လက်နက်ကြီးကျည် ထိမှန်ထားသော အမျိုးသမီး ၂ ဦးကို ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အိုးဘိုရွာ၊ ချီပါတောင်ရွာ ၊ ချီပါမြောက်ရွာနှင့် ကင်းဗျားရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ပေလမ်းပေါ်တွင် ပြည်သူပိုင် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး ထိမှန်တဲ့ အမျိုးသမီး ၂ ဦးကတော့ ဆေးကုနေပြီး မစိုးရိမ်ရဘူး။ နံနက်ပိုင်းက ဖမ်းထားတဲ့ မှန်လုံကားနဲ့ ပြည်သူများကိုနေလည်း မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက ပြန်လွှတ်ပေးတယ်။ ကားပေါ်ပါတဲ့ ကုန်ပစ္စည်းတွေကို ချယူထားလိုက်တယ်လို့တော့ သိရတယ်။ စစ်ကြောင်းက မထွက်သေးတော့ ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article