26 C
Yangon

ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီး

Must read

ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျောက်တိုင်ရွာနှင့် ကျီစုရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းခဲ့ပြီး အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းချောင်ရွာကို ဝင်ရောက်စီးနင်းစဉ် အရပ်သား ပြည်သူ ၃၀ ဦးကို ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လူသားဒိုင်းအဖြစ် ခေါ်ဆာင်သွားပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မုံလှရွာရှိ ခရစ်ယာန် ဘုရားကျောင်းလည်း ဗုံးသီး ၂ လုံး ထိမှန်၍ ပျက်စီးသွားကြောင် သိရသည်။

“အိုင်ပေါင်းချောင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပြည်သူတွေကို ဖမ်းဆီးထားပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာ အခုထိဖမ်းထားတုန်းပဲ ပြည်သူ ၃၀‌ ကျော် ဖမ်းဆီးခံရတယ်။ ကန့်ဘလူမြိုနယ်၊ ကာဘိုးရွာက စစ်ခွေးတွေနဲ့ ပျူစောထီးတွေ ပေါင်းထားတဲ့ စစ်ကြောင်း မုံလှရွာက ခရစ်ယာန်ဘုရားကျောင်းကိုလည်း ဗုံးကျဲ ဖျက်ဆီးသွားတယ်။ ကျောက်တိုင်ရွာနဲ့ ကျီစုရွာကို စစ်ခွေးတွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်။ နေအိမ် ပျက်စီးမှုတော့မသိရသေးဘူး” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကာဘိုးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး နောက်ကျန်စစ်ကြောင်းများရှိနေသေး၍ ပြည်သူများ‌ ကျေးရွာအတွင်းကို ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article