32 C
Yangon

မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး ရုံတင်နေသည့် “ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး” ရုပ်ရှင်မှာ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုများကို ပျက်ရယ်ပြုစော်ကားထားသည့် ရုပ်ရှင်ဖြစ်ကြောင်း ဖေ့ဘုတ်စ် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမား ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် စစ်ကောင်စီက ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရေး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ဖမ်းဆီးထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သည့် “Her Sal Yon (Ko King)” ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို လှိုင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်အရေးယူထားကြောင်း၊ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားသည် မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းတွင် အသံအလှူအတွက် စာအုပ်ဖတ်ပြီးနောက် အပြန်တွင် ပျောက်ဆုံးခဲ့ရာမှ ယခုကဲသို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားက ” ဂျာကစ် စာဘူးသရီး ဂျစ်ကားစီးဖူးသလား” ရုပ်ရှင်ကို သည် ဟိန္ဒူရိုးရာ ယဉ်ကျေးမှုနှင့် အိန္ဒိယနွယ်ဖွားများကို ပျက်ရယ်ပြုထားကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

“ယခုဖော်ပြပါ မြန်မာ ရုံတင်ဇာတ်ကားမှာ ဇာတ်ကားနာမည်တွင်ပင် ညီကိုတို့ ခံစားမိကြမယ်ထင်ပါတယ်။ များမကြာမီအချိန်တွင်လည်း ရိုးရာယဥ်ကျေးမှု ဒီပဝလီ(Dipavali)ပွဲတော်လည်း ရှိနေပါတယ်။ အချိန်ကိုက်ဆိုသလို ထွက်ရှိလာတဲ့ ကားနာမည်က ရပ်ကွက်ထဲက ကလေကချေအများစုက အိန္ဒိယနွယ်ဖွားတွေကိုမြင်ရင် ခနဲ့သော ချိုးနှိမ်လိုသော စိတ်ဖြင့်သုံးနှုံးသော အသုံးနှုံးတစ်ရပ်အား နိုင်ငံတစ်ဝှမ်းလုံးလူသိရှင်ကြာ ဖြင့် ကြေညာသလိုမျိုးဖြစ်နေတယ်။ဒါက သိပ်မကြာခင်ပွဲတော်ရက်မှာ တစ်ခုခုဖြစ်စေချင်လို့ အချိန်ကိုက်ပြီးများ လုပ်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ဘယ်သူမှပျော်မနေကြပါ။ ပျော်ပွဲရွှင်ပွဲဆိုတာ ထက် မီးထွန်းပွဲတော်ပါ ။ ဆီးမီးပူဇော်ပြီးအဖက်ဖက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုပြေပျောက်ဖို့ဆုတောင်းမေတ္တာပို့ရမယ့်အချိန်မှာ အခုလို အကျည်းတန်လွန်းတဲ့ပုံစံနဲ့ ထွက်လာတာကို မည်သို့မျှလက်မခံနိုင်ပါ။ နောက်တစ်ခုက အိန္ဒိယဝတ်ရုံများမှာ သူ့ယဥ်ကျေးမှုနဲ့ သူ့မျိုးနွယ်စုတွေနဲ့ သူ သီးသန့်ရှိပါတယ်” ဟု ၎င်းက ရေးသားခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article