29 C
Yangon

မတ္တရာမြို့အဝင်ရှိ စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး

Must read

မတ္တရာမြို့အဝင်ရှိ စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မိုးကြိုးစစ်ကြောင်း NGU:FF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်နှင့် ည ၁၀ နာရီ ခန့်တွင် မတ္တရာမြို့နယ် သဲကောရွာ ငါးကန်တွင် အထိုင်ချတပ်စွဲထားသော စစ်သားများ မြို့အဝင် သံတံတားကို ရောက်ရှိနေချိန် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် တိုက်နယ် ၃ မိုးကြိုးပြောက်ကျား တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နှင့် NGU:FF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှော့တိုက်ဒုံး ပစ်ရန် ပြင်ဆင်နေကြသည့် PDF တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article