25 C
Yangon

ထားဝယ်မြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က မောင်မယ်ရှောင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

ထားဝယ်မြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က မောင်မယ်ရှောင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မောင်မယ်ရှောင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့ပြင်ရှိ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ယင်းနေ့ မွန်းလွဲပိုင်းတွင် ညင်းထွေးရွာဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မောင်မယ်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်အတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ထားဝယ်မြို့ပြင်တွင် ရှိနေသောကြောင့် ဒေသနေပြည်သူများသည် တိုက်ပွဲဖြစ်ပွားနေ့မှ စတင်၍ လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားမှာရှိတဲ့ မောင်မယ်ရှောင်ရွာကို ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေ မီးဝင်ရှို့သွားတာ ပြည်သူတွေတော့ ဆက်လက် တိမ်းရှောင်နေရတုန်းပဲ ရွာထဲက ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article