34 C
Yangon

ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်ရှေ့၌ ဆက်ကြေးကောက်နေသော စစ်သားများကို ကားဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးရှိ သံလွင်မြန်မာ ဆီဆိုင်ရှေ့တွင် ဆက်ကြေး ကောက်နေသော အကြမ်းဖက်စစ်သားများကို ကားဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ ခရေဖြူဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သည် ချောင်းဦးနှင့် ငါးယှဥ် အကြားရှိ သံလွင်မြန်မာဆီ ဆိုင်ရှေ့တွင် ဆက်ကြေးကောက်နေစဉ် တော်လှန်ရေး ရဲဘော်များက အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

“ပစ်ခတ်မှုက ခဏပဲဖြစ်ခဲ့တာ။ လိုက်ထရပ်ကား ၁ စီးအတော်ဆိုးတယ်။ ပစ်ခတ်နေတဲ့ကြားက ဝင်လာပြီး ရပ်သွားတာ၊ အဲဒီကားဝင်ရှုတ်လို့ အပစ် ရပ်လိုက်ရတဲ့အတွက် တောင်ဘက်က ကောင် တွေလွတ်သွားတာ။ စခတွေကလည်း နတ်ရေကန်ဘက်ကရော၊ ချောင်းဦးဘက်ကရော ထွက်လာ ကြတာဆိုတော့ လက်နက်ကောက်ဖို့အဆင်မပြေခဲ့ဘူး။ စခတွေနေရာတော်တော်များများမှာ ပြန့် နေတယ်၊ စခတွေပစ်တဲ့လက်နက်ကြီးက နေအိမ် ၂ လုံးကြားကျတာ၊ လူထိခိုက်မှု မရှိပါဘူး။ နေအိမ် ၂ လုံးပဲပျက်စီးမှုရှိတာပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့တာဝန်ခံက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် မုံရွာမြို့ထဲမှ သံပြားကာ ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ငါးယှန် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ကျေးရွာအတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ Zayar Shwe Myay People’s Defence Force ၊ နွေဦးလူငယ်People’s Defence Force နှင့် တော သားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article