28 C
Yangon

ချောင်းဦးမြို့နယ်ရှိ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ စခန်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ချောင်းဦးမြို့နယ်ရှိ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ စခန်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းရှိ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ စခန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် အတွင်းရှိ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲ မဖြစ်ဘဲ လာပစ်တာပါ။ ရဲဘော် တစ်ဦး ခြေထောက် ဒဏ်ရာရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article