လက်ပံတောင်းတောင်ဒေသတွင် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စက္ကူလေယာဥ်ပုံစံပြုလုပ်ပြီး လူထုလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၂
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို အဆုံးသတ်ရန် ရည်ရွယ်သည့်အနေနှင့် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စက္ကူဖြူလေယာဥ်ပုံစံငယ်ပြုလုပ်ပြီး ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။