28 C
Yangon

နောင်ချိုမြို့နယ်တွင် ဆမ္မဆည် သကြားစက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံဝန်ထမ်း ၄ ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေ

Must read

နောင်ချိုမြို့နယ်တွင် ဆမ္မဆည် သကြားစက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံဝန်ထမ်း ၄ ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဆမ္မဆည် သကြားစက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံဝန်ထမ်း ၄ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၀၀ နာရီအချိန်နှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ အနောက်တောင်ခြမ်းနှင့် ဆမ္မဆည် သကြားစက်ရုံနေရာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ သကြားစက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကြံကြိတ်လုပ်ငန်းခွင်မှ စက်ရုံဝန်ထမ်း ၂ ဦးနှင့် စက်ရုံ လုံခြုံရေး ဝန်ထမ်း ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

“နောင်ချိုမြို့နယ်ဆမ္မဆည် သကြားစက်အပေါ်ကို ဗုံးကျတာမှာ ၄ ဦးသေဆုံးပါတယ်။ စက်ရုံဝန်ထမ်းတွေပါ။ ယခင် ဆမ္မဆည်စက်ရုံကို ပထမအကြိမ်စစ်လေယာဉ်နဲ့ ဗုံကျဲတုန်းက ခြေထောက်ပြတ်ဒဏ်ရာရရှိတဲ့ စက်ရုံဝန်ထမ်းအခု ဒုတိယအကြိမ်ဗုံးကျဲမှုမှာ သေဆုံးသွားပါတယ်။ သေတာက စုစုပေါင်း ၄ ဦးဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်လေယာဉ်များက နောင်ချိုမြို့ အပါအဝင် မြို့နယ်တစ်ခုလုံးတွင် ပတ်၍ ပျံဝဲမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လေယာဉ်တွေက လာဝဲနေတာပဲ။ အရှေ့က ဝဲလိုက်၊ အနောက်က ဝဲလိုက်နဲ့။ လူတွေလည်း ကျီးလန့်စာ စားနေရတယ်။ လေယာဉ်သံကြားရင် ည၊ မနက် မရွေးရဲဘူး ပြေးခိုလှုံနေရတာပဲ” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နောင်ချိုမြို့သို့ အဓိက ဗုံးကျဲနေသော စစ်လေယာဉ်များမှာ မိတ္တီလာ ရှမ်းတဲလေတပ်နှင့် တံတားဦး လေတပ်စခန်းများမှ တိုက်လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေယာဉ်များ ကျဲချစဉ် အပျက်အစီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article