34 C
Yangon

ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံ မှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းမိ

Must read

ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံ မှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် ခရီးထွက်လာသည့် အမှတ် ၁၂ တပ်မတော်ဆေးရုံမှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက်ကို အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ​၏ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(သံတောင်ကြီး) သို့ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန် အတွက် ခရီးထွက်လာသော တဆရ – ၁၂/၁၀၀ (ထားဝယ်) မှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို ၎င်း၏ မိသားစုဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းတနေရာ၌ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ မှ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကိုတော့ လက်ရှိမှာ စစ်သုံ့ပန်းမူဝါဒနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်များကိုလည်း လူအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article