30 C
Yangon

မြိုင်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

မြိုင်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မကျည်းလေးပင်ကျေးရွာ အနီးနေထိုင်သည့် စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့ပြင် ၁ ဦးမှာလည်း ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။

“လက်ရှိ ကျန်တော်တို့ သိရတာက ပြည်သူ ၂ ဦး နဲ့ မကျည်းလေးပင်ရွာ ပကဖ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးက ပြင်းထန် ဒဏ်ရာရတယ်။အခြေအနေတော့ ဆက်လက် စောင့်ကြည့်နေရတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article