24 C
Yangon

မြိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

Must read

မြိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို ပစ်မှတ်ထား ဦးတည်သော လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း၊ ကန်နီပျူစောထီးကျေးရွာ မြောက်ဘက်တစ်၀ိုက်ရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းဖြစ်ပြီး စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှု လုပ်နေချိန် ကန်နီပျူစောထီးကျေးရွာမှ အင်အား ၃၀ ခန့် ရှိသော စစ်ကြောင်း ထွက်လာပြီး ခဏအကြာ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်သွားခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာတော့မရှိဘူး ။ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမတွေကို ဦးတည်ပြီး Mi35 ရဟတ်ယာဉ်နဲ့ပစ်တာ။ ရော့ကတ်တွေ စက်လက်နဲ့ ပစ်ခတ်သွားပါတယ်။ အထိအခိုက်ရှိပါတယ်။ အခုက အတိအကျ သိရဖို့ခက်နေတယ်။ မြေပြင်မှာလည်း ကန်နီပျူရွာကနေ အင်အား ၃၀ ခန်ရှိတဲ့ စစ်ကြောင်းက မြောက်ဘက်လမ်းဆုံကို ထွက်လာပြီး ချက်ချင်းပြန်ဝင်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ ကတ္တီပင်ဘုန်းကြီးကျောင်းအနီး ငွေပလောင် CPကြက်စာဆိုင် အနောက်နားသို့ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချရာ နေအိမ်အဆောက်အအုံတချို့ ပျက်စီးကြောင်း၊ လူထိခိုက်သေဆုံးမှုမရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့သောလည်း လူထိခိုက်မှုမရှိဘဲ ပြည်သူနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ည ၉ နာရီအချိန် စစ်ကောင်စီတပ်စွဲထားသည့် ဒုဌဝတီမြစ်တဖက်ကမ်းမှ နောင်ချိုမြို့ကို လက်နက်ကြီးများဖြင့် အကြိမု ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီတပ်က နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article