28 C
Yangon

ပခုက္ကူရှိ စစ်တပ်စစ်ကြောင်း နှင့် ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာခံရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံးဟုဆို

Must read

ပခုက္ကူရှိ စစ်တပ်စစ်ကြောင်း နှင့် ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာခံရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနှင့် ကိုးပင်ကျေးရွာကြားရှိ ရေနံချက်စက်ရုံ အနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် ပခုက္ကူမြို့နယ်၊ ချောက် ကန်ကျေးရွာရွာမှ အနောက်တောင်ဘက်တောထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းနေသော်လည်း အကြမ်းဖက်စစ်သားများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိရာ ဘက်သို့ ရောက်ရှိလာခြင်းမရှိဘဲ အင်ပင်ကျေးရွာနှင့် ကိုးပင်ကျေးရွာကြားဘက်သို့ ထွက်ခွာသွား သဖြင့် ရေနံချက်စက်ရုံအနီးအရောက် Rocket လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ယာခင်း ၂ အကွာလောက်၌ ကျရောက်ပေါက်ခဲ့ကြောင်း သိရှိရသည်။

“အပြန်အလှန် ပစ်ခတ်မှုတော့မဖြစ်ဘူး။ စခတွေက ရှေ့တက်မလာဘဲစက်ရုံဘက်ပြန်သွားတာ။ ခွေးတွေကအရှေ့ခြောက်ကန်ကနေလာတာဆိုတော့ ဘယ်ဘက်မှ တက်လို့တော့မရဘူး” ဟု ဗိုလ်မြွေဟောက်က ပြောဆိုသည်။

ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက အထည် ချုပ်စက်ရုံအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို COBRA ONE Pakokku နှင့် အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအနီးသွားလာနေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

အလားတူ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁၁ နာရီ အချိန် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာရှိ နယ်မြေခံရဲစခန်းကို လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေ ဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း၇ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“မင်းနေကုန်းရွာ နယ်မြေခံရဲစခန်းကို ၈၀ မမ လက်နက်ကြီး၂လုံးနဲ့ သွားပစ်ခတ်ခဲ့ပါတယ်ဗျ။အဲလိုပစ်ခတ်လို့ စစ်တပ်အထိုင်ချ ရစခန်းထဲကိုတည်တည့်ကျ ပေါက်ကွဲပြီး စစ်သား ၄ ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းရခဲ့တယ်ဗျ” ဟု ကိုသက်ကြီးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၇ Column4 အမှောင်စစ်သည်အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article