28 C
Yangon

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ‌‌‌‌‌၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအတွင်းမှာ ဒရုန်းဗုံးသီး ၂၁ လုံး အသုံးပြုပြီး ၁၄ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၂ ကောင်သေပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရပါတယ်”ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ အပါအဝင် ဂန့်ဂေါ ခရိုင်အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄ တပ်ရင်းများ၊ ABSDF နှင့် ဂန့်ဂေါမြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article