32 C
Yangon

ညောင်ရွှေတွင် စစ်တပ်နှင့် လက်အောက်ခံ PNO ပူးပေါင်းစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု PNO တပ်ခွဲမှူး ဗိုလ်ကြီးခွန်သိန်းဇော် အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ညောင်ရွှေတွင် စစ်တပ်နှင့် လက်အောက်ခံ PNO ပူးပေါင်းစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု PNO တပ်ခွဲမှူး ဗိုလ်ကြီးခွန်သိန်းဇော် အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ လွယ်လုံကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ဝင်ရောက်ခိုးယူနေသည့် အကြမ်း ဖက် စစ်သား၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ လွယ်လုံကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များ၊ ပဲ၊ ပြောင်းများ ဝင်ရောက်ခိုးယူနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ PNO ပြည်သူ့စစ်မှ တပ်ခွဲမှူး ဗိုလ်ကြီးခွန်သိန်းဇော် ၊ ခွန်မောင်ရွေး၊ ခွန်ရဲအောင် တို့အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေရဲ့ ပြောင်းတွေ၊ ဆိုင်ကယ်တွေ ဝင်ခိုးနေတဲ့အချိန် ဒရုန်းနဲ့ဗုံးချတာ၊ စကစ လက် အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးခွန်သိန်းဇော်၊ ခွန်မောင်ရွေး၊ ခွန်ရဲအောင်နဲ့ ကျန်တဲ့နှစ်ယောက် က နာမည် မသိရဘူး။သူတို့သေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် လွယ်လုံကျေးရွာ အတွင်းရှိ လေဖြတ်နေသူ အသက် ၆၅ နှစ်အရွယ် ဦးစိန်နှင့် သူငယ်ပြန်နေသူ အသက် ၆၄ နှစ်အရွယ် ဦးနန္ဒတို့ ကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းပိုင်းများ ခုတ်ထစ်ဖြတ်တောက်ကာ ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ပြီး ပြည်သူ့နေအိမ်များတွင် ချိတ်ဆွဲထားခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် ဆိုင်ကယ်အစီး ၃၀ ခန့် နှင့် ပဲ၊ ပြောင်းများကိုလည်း ကားဖြင့် သယ်ယူသွားကြောင်း သိရသည်။

“ပြည်သူ ၂ ဦးကိုလည်း ရက်ရက်စက်သတ်သွားတာမှန်ပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်ကလည်း အဲဒီ လွယ်လုံနားက ရွာတစ်ရွာကို စကစနဲ့ PNO တွေက သစ္စာဖောက်ရွာလို့ စွပ်စွဲပြီး မီးရှို့ဖျက်ဆီးသွား တယ်၊ ရွာနာမည်က သောင်းစိန်ရွာပါ၊ အိမ်ခြေ ၂၀ ကျော်ရှိတဲ့ လီဆူတိုင်းရင်းသားရွာလေးပါ၊ လေ ကြောင်းကနေလည်း ဗုံးကျဲနေတာတွေရှိပါတယ်၊ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး၊ စကစနဲ့ PNO တွေက အဲဒီဒေသမှာ ရှိနေသေးလို့ ပြည်သူတွေလည်း ထွက်ပြေးနေကြရလို့ပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂ ရက် ည ၈ နာရီခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် စန့်စွဲ့ရွာဘုန်းကြီးကျောင်းနှင့် တောင်ကုန်းပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- သေဆုံးသွားသည့် စစ်တပ်လက်အောက်ခံ PNO ဗိုလ်ကြီးခွန်သိန်းဇော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article