33 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေး ရွာအတွင်း အထိုင်ချတပ်စွဲထား‌သော အကြမ်းဖက်စစ်သားများက ရွာတော်ဘက်အထွက် လေး လမ်းဆုံနှင့် မီတာ ၂၅၀ အကွာ အဝေးရှိ တံခါးပေါက်အား ပိတ်ရန် လာရောက်စဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံခါးပိတ်ရန် လာရောက်သည့် စစ်သားများအနက် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

“အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာ ၁ နာရီလောက်ကြာခဲ့တယ်၊ ကျနော်တို့က ကင်းပုန်းယူပြီး တံခါး လာပိတ်တဲ့ ၂ ဦးကို အရင်ဆုံးဖြုတ်လိုက်တာ၊ နောက်တိုး ၅ ဦးလည်း ပြေးပြေးလွှာလွှားဖြစ်သွားပြီး တော့ တစ်ဦးထပ်သေတာ၊ သူတို့မှာ ၄၀ မမ၊ ၆၀ မမပါတယ်။ ပြီးတော့ ၃ ထပ်တိုက်ပေါ်ကနေလည်း ငါးကြင်းနဲ့ ကုတ်တယ်။ ကျနော်တို့ဘက်ကလည်း အင်အား ၇၀ လောက်နဲ့သွားတာ။ ငါကြင်းသမား ကို ၂၀ လောက်ဖိပြီးတော့ ကျန်တဲ့သူတွေက နောက်တိုးထပ်လာမယ့်သူတွေကို ထောက်ထားတာ၊” ဟု ကြောင်လက်သည်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွာသာကြီးတိုက်နယ် ကြောင်လက်သည်း ဦးဆောင်သောအဖွဲ့နှင့် မဟာမိတ် အဖွဲ့များဖြစ်သည့် မီးတောက် Local pdf ၊ တွေ့မရှောင် Local အဖွဲတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ မြောက်ခင်ရန်းပျူစောထီးကျေးရွာမှ တောင်ခင်ရန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၄ ယောက်သေဆုံးကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က ၂ ယောက်သေတယ်။ နောက်တစ်နေ့ သူတို့ဆေးရုံမှာ နှစ်ယောက်ထပ်သေတယ်ဗျ။ သေတဲ့သူတွေက မြောက်ခင်ရန်းနဲ့ ကုက္ကားရွာက ပျူစောထီးတွေပါ” ဟု ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article