30 C
Yangon

လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချမှု လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မယ်ဟန်ကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၀၀ နာရီ ၄၃ မိနစ်နှင့် ၀၀ နာရီ ၄၉ မိနစ်တို့တွင် စစ်ကောင်စီ၏ လေယာဉ်က လားရှိုးမြို့ မယ်ဟန်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ဗုံး များသည် မယ်ဟန် ရပ်ကွက်ရုံးနှင့် လူမနေသော နေအိမ်များသို့ ကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“မယ်ဟန်အုပ်စု ရပ်ကွက်ရုံး ဗုံးတစ်လုံးကျပါတယ် ။ ရပ်ကွက်ရုံးရှေ့တစ်လုံးကျပါတယ်။ လူမရှိတဲ့အိမ်ကိုကျပါတယု။ ကျတဲ့အိမ်ကလည်း အရင်ပတ်ကတည်းက ဗုံးကျလို့ ရှောင်သွားတဲ့အိမ်ပါ။ ဒီမနက်တော့ MNDAA တပ်သားတွေ သန့်ရှင်းလုပ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့ လားရှိုးမြို့ ၊ရပ်ကွက် ၁၁ ၊အောင်စေတနာလမ်းနှင့် သာသနာ ၂၅၀၀ ဘုရားကုန်းကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီးနောက် ၇ ရက်ကြာ လေကြောင်းတိုက်ခိုက်မှု ရပ်နားခဲ့ရာမှ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည် စတင်ခြင်းဖြစ်သည်။

ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ‌၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article