32 C
Yangon

နောင်ချိုမြို့နယ်ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း များဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲပစ်ခတ် တိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက် အစောပိုင်း ၃ နာရီခန့် နှင့် ညနေ ၄ နာရီ ၃၇ မိနစ်ခန့်နှင့် ၃၉ မိနစ်ခန့်တွင် နောင်ချိုမြိုနယ် မြောင်ဇီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းရှိ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်ထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးအလုံး ၂၀ လုံးကျော် လာရောက်ကျဲချ တိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ ဒေသနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်သူများရှိရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာမှ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက် ၅ ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article