ကော့သောင်းနှင့် မင်းဘူး တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက်မနည်း သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၅
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသရှိ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီး ရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်၍ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသတဝိုက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၂၂ မိုင်ကျေးရွာ နှင့် ၁၉ မိုင်ကျေးရွာတို့ အတွင်းကို ဝင်ရောက်ပြီး ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မလိဝမ်းကျေးရွာအနီး ဒေသအခေါ် ဂေါရင်ချောင်း အတွင်းသို့ ဝင်ရောက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပျံလွှား LPDF တပ်ဖွဲ့မှ မိုင်း ၇ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
“ထိတာတော့ တော်တော်များများထိတယ်၊ သေတာတေ့ စာရင်းအတိအကျ မသိရသေးဘူး။ မိုင်းထိ တဲ့ခွေးတွေကိုလည်း လှေနဲ့ပြန်ပြီးတော့ သယ်သွားတယ်လေ။ တိုက်ပွဲဖြစ်ပြီးတော့ မီးရှို့သွားသေး တယ်၊ လက်ရှိတော့ ခမောက်ကြီး အမှတ် ၄ တံတားမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေး နေတာတွေရှိတယ်။ ဒီနေ့ဖြစ်စဉ်ပေါ့၊ ညတုန်းကလည်း ကား ၂ စီးနဲ့ ထပ်ပြီးတော့ အင်အားဖြည့် ဆင်းလာတယ်။ လှုပ်ရှားနတာရှိတယ်။ ကင်းပုန်းဝပ်တာတို့ လမ်းသွားလမ်းလာတွေ စစ်ဆေးတာတို့ အဲဒါမျိုးတွေတော့ရှိတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုနောက် နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ဂေါရင်ချောင်းအတွင်းရှိ ဥယျာဉ်ခြံများအ တွင်းမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ကော့သောင်းမြို့မှ စက်လှေအကြီးတစ်စီးဖြင့် အကြမ်းဖက်စစ်သား ၁၀၀ ခန့် ကို မလိဝမ်းကျေးရွာအနီး ဒေသအခေါ် တိုက်ဖြူသို့ လာရောက်ပို့ဆောင် အင်အားဖြည့်တင်းကာ ၎င်း စက်လှေဖြင့် မိုင်းထိစစ်သားများကို သယ်ဆောင်ပြီး ကော့သောင်းမြို့သို့ ပြန်သွားကြောင်း သိရသည်။
ထပ်မံအင်းဖြည့်တင်းထသည့် အကြမ်းဖက်စစ်ကြောင်းသည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဂေါရင်းချောင်းအတွင်းရှိ ပြည်သူ့နေအိမ်များ၊ ဥယျာဉ်ခြံမြေများကို ထပ်မံမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် တိုက်ခိုက်ခံရပြီး ပျက်စီးသွား သော ဆွဲယူ ရန် ထွက်လာသည့် စစ်တပ် ကရိန်းကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေ ဆုံး ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။
အောက်တိုဘာလ ၃၁ ရက်နံနက် ၁၁ နာရီခန့်က မင်းဘူးမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပေါ်တွင် အရပ် သား ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကရိန်းကား အဖြူရောင် တစ်စီးကို သတင်းအရ ကြိုတင်စောင့်ပြီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“မင်းဘူးကနေ ထွက်လာတာ ၇ ယောက်လောက်ပါတယ်။ အမ်းကိုသွားတဲ့ကားတန်းကို အဲဒီဘက် တပ်ရင်းတွေက တိုက်ရင်းပျက်သွားတဲ့ကားကို ဆွဲဖို့သွားတာ၊ စတစ်ကော်လံအဖြူတွေနဲ့ အရပ်သား ဟန်ဆောင်ထားတာ၊ ကျနော်တို့ထိန်းချုပ်ထားတဲ့နယ်မြေကို ဖြတ်တဲ့အချိန် တိုက်လိုက်တာပါ၊ လက်ဦးမှုရတော့ သူတို့ပြန်မပစ်နိုင်ပဲ ရှေ့ကို အတင်းမောင်းပြေးသွားတယ်၊ မျက်မြင် ၁ ဦးသေတယ်၊ မင်းဘူးဆေးရုံကို စုံစမ်းလိုက်တော့ ၄ ယောက်သေတယ်လို့ သိရတာ၊” ဟု မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အရပ်သားများ ဟန်ဆောင်ပြီး အရပ်သားများနှင့်အတူ သွားလာခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တိုက်ခိုက်ခဲ့ရပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ထောက်တိုင်များနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံပြောဆိုသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီးကားအား မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်၊ ပကဖက တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။