28 C
Yangon

ပခုက္ကူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က နှောကုန်းရွာသား ဦးမောင်မင်းစိန် ကို ဖမ်းဆီး ပစ်သတ်၊ ကျေးရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရ

Must read

ပခုက္ကူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က နှောကုန်းရွာသား ဦးမောင်မင်းစိန် ကို ဖမ်းဆီး ပစ်သတ်၊ ကျေးရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နှောကုန်းရွာသား ဦးမောင်မင်းစိန် ကို ဖမ်းဆီး ပစ်သတ်ပြီး ကျေးရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ရွာထိပ်ရှိ ယာခင်းထဲတွင် စိုက်ပျိုးရေး လုပ်ဆောင်နေသော ကျေးရွာနေပြည်သူ ဦးမောင်မင်းစိန်ကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက်နေ့က စတင်ပြီး ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ရွှေတန့်တစ်ရွာ ၊ ဆင်းမင်းရွာ ၊ ကွန်းရွာ ၊ နှောကုန်းရွာ ၊ ဒေါင်းစားရွာ ၊ ကင်မွန်းခါးရွာ ၊ ဘုရားကုန်းရွာ ၊ ဆိတ်ကမ်းသာယာရွာ နှင့် မန်ကျည်ပင်ပုရွာမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက နှောကုန်းရွာသား ဦးမောင်မင်းစိန်ကို ယာခင်းထဲမှာ ဝင်ရောက် ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်သွားတာ ဦးခေါင်း ပွင့်ထွက် ဒဏ်ရာ ဘယ်ဘက် ရင်အုံမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် အလောင်းကို ပြန်တွေ့ခဲ့တယ်။ စစ်ခွေး စစ်ကြောင်းကအခုထိ ရှိနေသေးတယ်။ ကွန်းရွာ နဲ့ ဆင်းမင်းရွာထဲမှာ တပ်စွဲထားတယ်။ ကျေးရွာ ၉ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကွန်းရွာနှင့် ဆင်းမင်းရွာ မင်းကျောင်း ဘုန်းကြီးကျောင်းတို့၌ ၂ ဖွဲ့ခွဲ၍ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article