30 C
Yangon

ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၆

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဘော်ဘင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် ဘော်ဘင်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားအားလုံး ထွက်ပြေးသွားကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ ကျန်တော်တို့ ဝင်တိုက်တဲ့ အချိန် စစ်ခွေးနဲ့ ပျူစောထီးတွေ ခွေးပြေးဝက်ပြေးပြေးကြတာ ၆၀ မမ ၁ လုံးနဲ့ စစ်ယူနီဖောင်းတော့ သိမ်းဆည်းရရှိခဲ့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ၆၀ မမ လက်နက်ကြီးကျည် ၁ လုံးနှင့် စစ်ယူနီဖောင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ကြိုပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၁ တပ်ခွဲး( ၃ ) နတ်စစ်သည်တပ်ဖွဲ့ ၊ တပ်ရင်း ၃၈၀၂ မြေအောက် ပျောက်ကျားတပ်ဖွဲ့ ၊ BTZM GBK PDF ပဲခူးရိုမအခြေပြုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article