24 C
Yangon

ပခုက္ကူမြို့နယ်၊ ဖလံအိုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်၊ ဖလံအိုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရှိ အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်းသိရသည်။

“ရွာထဲမှာက လက်ရှိလူမနေကြဘူး။ ရှင်မကန်၊ ဇီးကုန်းက ပျူတွေ သတင်းပေးလို့ ဗုံးလာကျဲသွားတာ ဘုန်းကြီးကျောင်းတော်တော်ပျက်စီးတယ်။ ရန်ကုန်က ဒကာဒကာမတွေ သေချာဆောက်လုပ် လှူဒါန်းပေးထားတာ အခုတန်ဆောင်တိုင်ပြီးရင် ပြန်ပြီးအဝင်ခံမယ်။ လုံခြုံရေး လုပ်ပေးမယ်လို့ PDF တွေ ပြောတာကြားပြီး ပျူတွေက မနာလိုလို့ လေကြောင်းကနေ ဗုံးကျဲခိုင်းတာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခဲ့သော ဖလံအိုကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့် ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း၌ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖလံအိုကျေးရွာ အပါအဝင် ကျန်ရှိနေသော ကျေးရွာများမှ နေအိမ် ၈၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article