25 C
Yangon

ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး သီဟထွန်းက တစ်ရွာလျှင် လူ ၃ ဦး တပ်သားသစ်စုဆောင်းပေးရန်၊ လူမပေးနိုင်လျှင် တပ်သားသစ် ၁ ဦးအတွက် ၆၃ သိန်းနှုန်း ငွေပေးရန် အစည်းအဝေးခေါ်ယူ အမိန့်ပေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများကို ဝေါပကဖက အရေးယူမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ပဲခူးတိုင်း၊ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက တစ်ရွာလျှင် လူ ၃ ဦး တပ်သားသစ်စုဆောင်းပေးရန်၊ လူမပေးနိုင်ပါက တပ်သားသစ် ၁ ဦးအတွက် ကျပ် ၆၃ သိန်းနှုန်း ငွေပေးရန် အစည်းအဝေးခေါ်ယူ အမိန့်ပေးလိုက်ရာ အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများကို ဝေါမြို့နယ်ပကဖက အရေးယူသွားမည်ဖြစ်ကြောင်း ဝေါမြို့နယ်ပကဖမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက ဝေါမြို့နယ် အတွင်းရှိ ကျေး ရွာ အုပ်စု ၆၄ စုမှ အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန် အတွက် ကျေးရွာ လူဦးရေ အချိုးအစားလိုက် လစဉ် လူငယ် အနည်းဆုံး ၁ ဦးမှ ၃ ဦးအထိ တပ်သားသစ် အဖြစ် စုဆောင်းပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် လူ မပေးနိုင်ပါက လူစားထိုး ရှာဖွေပေးမည့် ထွေ/အုပ် ဒုဦးစီးမှူးအတွက် ကျပ် ၁ သိန်းနှင့် စစ်မှုထမ်းတစ်ဦး အတွက်လူစားထိုးရန် ကျပ် ၆၃ သိန်း နှုန်း ငွေပေးရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

ထိုသို့ ဝေါမြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ အမိန့်အာဏာဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခိုင်းမှုကို မခံနိုင် တော့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ထွက်ရန် ပြင်ဆင်နေကြောင်း၊ ဝေါမြို့နယ်ပကဖကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းနှင့် ဌာနဆိုင်ရာများအားလုံးကို အရေးယူရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့လ လကုန်အစည်းအဝေးမှာ မြို့နယ်အုပ်ချုပ်ရေးကနေ ဝေါမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၆၄ ရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေခေါ်ပြီးတော့ ဒီလကစပြီးတော့ စစ်သားစုဆောင်းခ တစ် ယောက် ကို ၆၃ သိန်းပေးရမယ်။ နောက်ပြီးတော့ ငွေကောက်ခံတဲ့ ဒုဦးစီးမှူးကို တစ်သိန်းပေး ရမယ် ဆိုပြီးတော့ သူကညွန်ကြားတယ်။ ညွှန်ကြားတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မကျေနပ် ကြဘူး။ အရင်တုန်းကတော့ ၃ လတစ်ကြိမ် စစ်သားတစ်ယောက်ပေးရမယ်။ အရင်တုန်းက ကျေး ရွာတွေကနေ တပ်သားသစ် မပေးနိုင်တဲ့ ရွာတွေက လူတစ်ယောက် အစားထိုးဖို့အတွက် သိန်း ၅၀ ကောက်တယ်။ ဒီလကစပြီး ၆၃ သိန်း ကြေးနှုန်းမြှင့်လိုက်တဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေတော်တော်များများက မကျေနပ်တဲ့ အ တွက် အလုပ်မလုပ်ဘဲ ထွက်ဖို့ပြင်ဆင်နေကြပြီ။”ဟု ဝေါမြို့နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ လူနှင့် ငွေများ တိုးမြှင့်ကောက်ခံမှုအပေါ် မကျေနပ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် နှုတ်ထွက် ကြရန် ပြင်ဆင်နေချိန် ပြည်သူလူထုအပေါ် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသူ အုပ်ချုပ် ရေးမှူးများ၊ ဌာနဆိုင်ရာများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖမှ သတိပေးထားသည်။

“အခုရွာတွေမှာက သူတို့ (စကစ) အတင်းအဓမ္မတာဝန်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စစ်သား လုပ်ဖို့ ဇွတ်အတင်းစုဆောင်းတဲ့ရွာသားတွေ၊ လူငယ်တွေက ထိုင်းပြေးတဲ့သူနဲ့ ရန်ကုန်ကိုပြေးတဲ့သူနဲ့ ပြေးကုန်ပြီ၊ အဲဒီတော့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ မြို့နယ်ဝန်ထမ်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၊ ဌာနဆိုင်ရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြာခင်ကာ အတောအတွင်း အရေး ယူဆောင်ရွက်သွားမှာပါ။” ဝေါမြို့နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ပြန်ကြားရေး တာဝန်ခံ က ပြောဆိုသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KNLA နှင့် NUG ၏ ဦးဆောင်မှုအောက် တွင် ရှိနေသော တော်လှန်ရေး ပြောက် ကျားတပ် များ လှုပ်ရှားလျက်ရှိသော နယ်မြေတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ – ဝေါမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ အုပ်ချုပ်ရေမှူး သီဟထွန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဝေါမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ အုပ်ချုပ်ရေမှူး သီဟထွန်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article